“ပူတင်က ဇီလန်စကီနှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်သော်လည်း ယူကရိန်းဘက်တွင် လက်မှတ်ထိုးမည့်သူမရှိ ဟုဆို”

20 Jun

ရုရှားသမ္မတဗလာဒီမာပူတင်က ၎င်းအနေဖြင့် ယူကရိန်းသမ္မတဗိုလိုဒိုမာ ဇာလန်းစကီးနှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေးကို ဆွေးနွေးနိုင်သော်လည်း ရရှိလာသောငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုးရန် ယူကရိန်းဘက်တွင် လက်မှတ်ထိုးမည့်သူမရှိကြောင်း ပြောသည်။ စိန့်ပီတာစဘာ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဖိုရမ်၌ ဇွန်လ ၁၈ ရက်နှောင်းပိုင်းတွင် နိုင်ငံတကာမှမီဒီယာများ၏မေးမြန်းချက်ကို ပြန်ဖြေစဉ် ပူတင် က ယခုကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။ ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် ဇာလန်းစကီး၏တရားဝင်မှုနှင့်ပတ်သက်၍ ပူပန်မှု ရှိကြောင်း ရုရှား သမ္မတကဆက်ပြောသည်။ ပူတင်က ယူကရိန်းဘက်မှ ကိုယ်စားပြုမည်ဆိုပါ ဇာလန်းစကီး လာရောက်မည် ဖြစ်ပေမယ့် အဆိုပါ သဘောတူညီချက်ကို မည်သူလက်မှတ်ရေးထိုးမည်ကို မေးစရာတစ်ခု ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ဇာလန်းစကီး၏သမ္မတသက်တမ်းသည် ပြီးခဲ့သည့်နှစ်တွင် ကုန်ဆုံးသွားပြီဖြစ်သော်လည်း မာရှယ်လော ထုတ်ပြန်ထားသည့်အတွက် နောက်ထပ်ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသောကြောင့် သမ္မတအသစ်ကို တင်မြှောက်နိုင်ခြင်းမရှိကြောင်းသိရသည်။ ထို့ပြင် လက်ရှိတာဝန်ထမ်းဆောင်နေသော ယူကရိန်းအစိုးရ တာဝန် ရှိသူများကို ဇာလန်းစကီး က ခန့်အပ်ထားခြင်းဖြစ်သောကြောင့် ဇီလန်စကီလက်အောက်တွင် တာဝန် ထမ်းဆောင် နေကြသူများ၏လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ နောက်ထပ်မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း ပူတင် က ဆက်ပြောထား သည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

20 Jun

ADVERTISE HERE .