“လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျစိစဉ်ဆောင်ရွက်လျက်ရှိ”
20 Jun
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်မှဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၉ ရက်နံနက်ပိုင်းမှာ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး က ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်တံတား အောက်ပန်းခြံရှိ လှိုင်မြစ်အတွင်းစီးဝင်တဲ့ မြစ်ထွက်ပေါက်ရေစီးရေလာအခြေအနေနှင့် ဗိုလ်အောင်ကျော်လမ်းဖြတ် အင်းဂလိုင်ချောင်း ရေစီးရေလာအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် ချောင်းတစ်လျှောက် အမှိုက်များဆယ်ယူရှင်းလင်းရန် မှာကြားခဲ့ပါတယ်။ ဒါ့အပြင်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ ဆရာစံလမ်းနှင့်အောင်ဆန်းသူရိယ လမ်းထောင့်ရှိ မြေနေရာအား သန့်ရှင်းသာယာ သပ်ရပ်ရေးဆောင်ရွက်ရန်၊ ဗိုလ်အောင်ကျော်လမ်းရှိ မြေသားမိုးရေစု ကန်ကို အများပြည်သူသောက်သုံးရေ အလွယ်တကူရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ကြည့်ရှုစစ်ဆေးပြီးနောက် ဆရာစံလမ်းဝဲ/ယာ သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန် ရေးဆောင်ရွက်ရန်၊ ရေကန်ဝန်းကျင်ရှိချုံနွယ်များရှင်းလင်းရန်တို့ကိုမှာကြားကာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ဧရာဝတီလမ်းသန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် စက်ယန္တရားများဖြင့် ဆောင်ရွက် နေမှုတို့ကိုလည်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ (NVS 003)