"ကိုရီးယားနိုင်ငံ Hwashin Industrial Company Limited က အလှူငွေဝမ် ၃ သန်းလှူဒါန်း"

20 Jun

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကိုရီးယားနိုင်ငံမှ Hwashin Industrial Company Limited က ဝမ် ၃ သန်းလှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ငလျင်ဒဏ်သင့်သူများကို လိုအပ်တဲ့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် Hwashin Industrial Company Limited မှ ဇွန်လ ၁၉ ရက်က အလှူငွေဝမ် ၃ သန်းကို မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အလှူငွေကို မြန်မာသံရုံးရဲ့ သံအမတ်ကြီး ဦးသန့်စင် မှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရပါတယ်။ (NVS 003)

20 Jun

ADVERTISE HERE .