“မြန်မာနိုင်ငံနှင့် အာရပ်နိုင်ငံတို့ကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများမြှင့်တင်နိုင်ရေးဆွေးနွေး”

20 Jun

မြန်မာနိုင်ငံနှင့် အာရပ်နိုင်ငံတို့ကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများမြှင့်တင်ရေးအတွက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ အာရပ် စော်ဘွားများပြည်ထောင်စု၏ သံအမတ်ကြီး H.E. Mr. Mutaz Abdullah Abduljaleel Mohamed Al Faheem တို့ ဇွန်လ ၁၉ ရက်မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံစဥ် နှစ်နိုင်ငံအခြေစိုက် သံရုံးများဖွင့်လှစ်ရန် ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန် ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ စွမ်းအင်ကဏ္ဍနှင့် အခြားသော အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းစေမယ့် နယ်ပယ်များမှာ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ (NVS 003)

20 Jun

ADVERTISE HERE .