"ကျောက်မျက်ရတနာရောင်းဝယ်ရေးလိုင်စင်များကို နေပြည်တော်အပါအဝင် မြို့ ၄ မြို့မှာ လျှောက်ထားနိုင်"

20 Jun

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား နှင့် မိုင်းရှူးမြို့တို့မှာ လျှောက်ထားနိုင်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရပါတယ်။ လက်ရှိမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက်ဆိုင်တဲ့ လုပ်ငန်းလိုင်စင် ပေါင်း ၅,၆၀၀ ကျော် ထုတ်ပေးထားကြောင်း သိရပါတယ်။ မြန်မာ့ကျောက်မျက်ရတနာမှ ထုတ်ပေးခဲ့သော ရောင်းဝယ်ရေးလုပ်ငန်းများကတော့ ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်း လုပ်ငန်း လိုင်စင်၊ ကျောက်မျက်ရတနာ အချောထည်နှင့် ရုပ်တု/ရုပ်ထွင်းများပြုလုပ်ခြင်း လုပ်ငန်းလိုင်စင်နှင့် ကျောက်မျက် ရတနာ အရိုင်း၊ အချောများရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်များဖြစ်ကြောင်း သိရပါတယ်။ (NVS 003)

20 Jun

ADVERTISE HERE .