"မကွေးတိုင်းဒေသကြီးရှိ မျက်စိဝေဒနာရှင် ၅၀၀ ကျော်ကို ခွဲစိတ်ကုသပေးမည်"
20 Jun
မကွေးတိုင်းဒေသကြီးအတွင်းမှာ သဲဖြူဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတ ရဲ့ သြဝါဒကိုခံယူပြီး မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနဲ့ အနန္တစေတနာဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး မျက်စိ ဝေဒနာရှင် ၅၀၀ ကျော်ကို ခွဲစိတ်ကုသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းက မျက်စိဝေဒနာရှင်တွေကို ဇွန်လ ၁၇ ရက်ကစတင်ကာ ကုသပေးနေတာဖြစ် ပြီး အခုလိုကုသပေးခြင်းက ဒုတိယအကြိမ်မြောက်ဖြစ်ကာ နေ့စဥ်လူနာ ၃၀ ကို ခွဲစိတ်ပေးသွားမှာ ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြောကြားခဲ့ပါတယ်။ မျက်စိဝေဒနာရှင်တွေကို ခွဲစိတ်ကုသပေးတာကို မကွေးပြည်သူ့ဆေးရုံ၊ မင်းဘူးပြည်သူ့ဆေးရုံနဲ့ သင်ကြားရေး ဆေးရုံ(မကွေး)တို့မှာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဇွန်လ ၁၈ ရက်က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူတွေက လာရောက်ကုသတဲ့ လူနာတွေကို အလှူငွေ၊ မျက်စဥ်း၊ မျက်မှန်နဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ (NVS 003)