“ရွှေတိဂုံစေတီတော်ရှိ ရုပ်ပွားတော်အချို့ကို ရွှေသင်္ကန်းကပ်လှူပူဇော်ရန် မူလအလှူရှင်များအား ဖိတ်ခေါ်”
19 Jun
ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ ရုပ်ပွားတော်အချို့ကို ရွှေသင်္ကန်းကပ်လှူပူဇော်ရန် မူလအလှူရှင်များအား ဖိတ်ခေါ်ထားကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးမှ အသိပေးထားကြောင်း သိရပါတယ်။ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ ရုပ်ပွားတော်များကို ရွှေသင်္ကန်းတော် ပြန်လည်ကပ်လှူပူဇော်မည်ဖြစ်၍ မူလ အလှူရှင်များအနေဖြင့် ပြန်လည်လှူဒါန်းလိုပါက ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး ရွှေနှင့် ရတနာ ဌာနသို့ ဇွန်လ ၅ ရက်မှ ဇူလိုင်လ ၅ ရက်အတွင်း အကြောင်းကြားလျှောက်ထားရန်နှင့် ဆက်သွယ်လှူဒါန်းခြင်း မရှိပါကလည်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ရွှေသင်္ကန်း ကပ်လှူပူဇော်မည့်နေရာများမှာ အရှေ့ဘက်အာရုံခံတန်ဆောင်းအတွင်းရှိ ရုပ်ပွါးတော်အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၉-က၊ ၂၁)၊ တောင်ဘက်အာရုံခံတန်ဆောင်းအတွင်းရှိ ရုပ်ပွါးတော်အမှတ်(၁၊ ၃၊ ၆၊ ၇၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၁၊ ၂၅၊ ၂၆၊ ၃၆၊ ၃၇၊ ၃၉၊ ၄၀၊ ၄၁၊ ၄၂)၊ ကလျာဏပါရမီ တန်ဆောင်း (ဦးဘအေး + ဒေါ်စောတင် တန်ဆောင်း)အတွင်းရှိ ရုပ်ပွါးတော်များ၊ သုကကာရီတန်ဆောင်းအတွင်းရှိ ရုပ်ပွါးတော်များ၊ ရှင်မထီးတန်ဆောင်းအတွင်းရှိ ရုပ်ပွါးတော်အမှတ်(၁၊ ၂၊ ၃၊ ၁၇၊ ၁၈၊ ၁၉)၊ ရှင်အရဟံတန်ဆောင်းအတွင်းရှိ ရုပ်ပွါးတော် များ၊ ရှင်အဇ္ဇဂေါဏတန်ဆောင်းအတွင်းရှိ ရုပ်ပွါးတော်များ စသည်တို့ကို ရွှေသင်္ကန်းကပ်လှူသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒဂုံခင်ခင်လေးတန်ဆောင်းအတွင်းရှိ ရုပ်ပွါးတော်များ၊ ဗောဓိမဏ္ဍိုင်တန်ဆောင်းအတွင်းရှိ ရုပ်ပွါးတော်များ၊ မြောက်ဘက်ခြေတော်ရာတန်ဆောင်းအတွင်းရှိ ဗုဒ္ဓခြေတော်ရာများလည်း ပါဝင်မှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း ဝ၉-၆၇၈၀၁၀၀၁၈၊ ၀၉-၆၇၈၀၁ဝ၁၄၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)