“ကလေးမြို့နယ်၌ မိုးနှမ်းဧက ၂ဝ,ဝဝဝ ကျော် စိုက်ပျိုးမည်”
19 Jun
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးကာလ၌ မိုးနှမ်းဧက ၂၀,၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ကလေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ ၂၀၂၅-၂ဝ၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုး ကာလ၌ ကလေးမြို့နယ်တွင် မိုးနှမ်း ၂၄,၇၇၉ ဧကစိုက်ပျိုးရန်လျာထားပြီး ယခုနှစ် မေလတတိယပတ်မှ စတင် စိုက်ပျိုးလျက်ရှိပါတယ်။ ကလေးမြို့နယ်၌ မိုးနှမ်းစိုက်ပျိုးမည့် တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နှမ်းတိုးချဲ့စိုက်ပျိုး နိုင်ရေး၊ စိုက်ပျိုးသည့် နည်းစနစ်၊ GAP နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန်သည့်မျိုးများ စိုက်ပျိုးနိုင်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်သွားမှာြဖစ်ပါတယ်။ GAP နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများသည် အခြားစိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ် ထားတဲ့ သီးနှံများထက် အရည်အသွေးပိုမိုကောင်းမွန်ခြင်း၊ ဈေးနှုန်းပိုမိုရရှိခြင်း၊ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်များကိုပါ တင်ပို့ရောင်းချနိုင်သည့် အကျိုးကျေးဇူးများရရှိခြင်းကြောင့် GAP နည်းစနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများအနေဖြင့်လည်း အကျိုးစီးပွားများ ပိုမိုဖြစ်ထွန်းလာနိုင်မှာဖြစ်ပါတယ်။ စိုက်ပျိုးရေးအတွက် အခြေခံလိုအပ်ချက်မှာ မျိုး၊ မြေ၊ ရေ၊ နည်း ဖြစ်ပြီး မြေကောင်းမြေသန့်ဖြစ်စေရန် မြေဩဇာကို သဘာဝနည်းဖြင့် မှန်ကန်စွာအသုံးချရေး၊ စိုက်ပျိုးရေအပြည့်အဝရရှိရေးနှင့် ရာသီဥတုနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ တွေ့ကြုံလာသည့် ရာသီဥတုအခြေအနေအပေါ်မူတည်၍ စိုက်ပျိုးနည်း စနစ်များ ပြောင်းလဲစိုက်ပျိုးရန်လိုအပ်ကြောင်း သိရပါတယ်။ (NVS-004)