“အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကျင်းပမည်”
19 Jun
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပမည့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် (2025 International Olympic Day) ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက် နံနက် ၁၀ နာရီတွင် မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ MCC ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲတွင် အမျိုးသားကာယဗလပြိုင်ပွဲ ကိုယ်အလေးချိန် up to 65 kg၊ ကိုယ်အလေးချိန် up to 75 kg၊ ကိုယ် အလေးချိန် up to a ke and over 80 kg၊ အမျိုးသားကာယကြံ့ခိုင်ပြိုင်ပွဲ၊ အမျိုးသား Athletic Physique (Open)၊ Sport Physique (Open)၊ အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အမျိုးသမီး Athletic Physique ပြိုင်ပွဲ (Open)နှင့် Model Physique (Open) စတဲ့ပြိုင်ပွဲများ ပါဝင်သွားမှာြဖစ်ပါတယ်။ ပြိုင်ပွဲသို့ စိတ်ပါဝင်စားသည့် ပြိုင်ပွဲဝင်များအနေနဲ့ ဇွန်လ ၂၅ ရက် နောက်ဆုံးထား၍ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးဝင်းလွင် ဖုန်း ၀၉-၄၄၃ဝ၉၄၇၉၉ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)