“Myanmar - Vietnam Construction Business Matching ကျင်းပပြုလုပ်မည်”

19 Jun

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ တို့က Myanmar Vietnam Construction Business Matching ကို ဇွန်လ ၂၃ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာ-ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအကြို ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၇ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ဗီယက်နမ်သံရုံးအရာရှိ Mr. Nguyen Van Bay နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ပြည်တွင်း/ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးသူရိန်အောင်၊ အထွေထွေ အတွင်းရေးမှူးချုပ် ဦးကိုကိုလေးနှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ Myanmar Vietnam Construction Business Matching ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာများ၊ ကုန်ပစ္စည်းထုတ်လုပ်တင်သွင်းသူများက ဗီယက်နမ်ကုမ္ပဏီ ၂၂ ခုမှ လုပ်ငန်း အမျိုးအစား ၂၀ ကျော်ပါဝင်တဲ့ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးကြသွားမှာဖြစ်ပါတယ်။ ပါဝင်တက်ရောက် လေ့လာဆွေးနွေးလိုသူများအနေနဲ့ ဖုန်း-၀၉၈၉၃၂၁၇၁၀၉ နှင့် ၀၉၆၆၀၂၈၂၀၀၀ တို့သို့ ကြိုတင် ဆက်သွယ် စာရင်းပေးရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

19 Jun

ADVERTISE HERE .