“စပါးအသင်းနောက်ခံကစားသမား ရိုမဲရိုး ကို ခေါ်ယူချင်နေတဲ့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီ”

19 Jun

အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီ က စပါးနောက်ခံကစားသမား ရိုမဲရိုး ကို ခေါ်ယူလိုကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင် နောက်ခံကစားသမား ရိုမဲရိုး ဟာ စပါးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။ ဒါပေမယ့် ရိုမဲရိုး က သူ့အနေနဲ့ အခုနွေရာသီ အပြောင်းအရွှေ့ ကာလမှာ စပါးအသင်းက ထွက်ခွာလိုပြီး လာလီဂါမှာ ပြောင်းရွှေ့ကစားလိုတယ်လို့ လူသိရှင်ကြား ပြောကြားထားပါတယ်။ အခုအခါ အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ကလည်း သူ့အနေနဲ့ အခွင့်အရေးရမယ်ဆိုရင် ရိုမဲရိုးကို လိုချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ စပါးအသင်းအနေနဲ့ အသင်းရဲ့အဓိကနောက်ခံကစားသမားဖြစ်သူ ရိုမဲရိုး ကို ရောင်းချလိုခြင်းမရှိပေမယ့် မဖြစ်မနေ ရောင်းချရမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အလိုရှိနေတယ်လို့ သိရပါတယ်။ (NVS 008)

19 Jun

ADVERTISE HERE .