“ဆွန်ဟောင်မင် ကို ခေါ်ယူဖို့အပြိုင်ကြိုးပမ်းနေတဲ့ ဆော်ဒီကလပ်အသင်းများ”

19 Jun

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင် ကို ခေါ်ယူဖို့ ဆော်ဒီကလပ် ၃ သင်း အပြိုင်ကြိုးပမ်းနေပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ပေးဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ တောင်ကိုရီယားလက်ရွေးစင်အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ဟာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး အခုနွေမှာ အသင်းပြောင်းရွှေ့ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ စပါးအသင်းကလည်း ဇူလိုင်လမှာ အသက် ၃၃ နှစ်ပြည့်မယ့် ဆွန်ဟောင်မင် ကို ပြောင်းရွှေ့ကြေးရနိုင်တဲ့ အခုနွေရာသီအပြောင်းအရွှေ့ ကာလမှာ ရောင်းထုတ်ဖို့ ဆန္ဒရှိနေပါတယ်။ ဆွန်ဟောင်မင် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေက အယ်လ်အာလီ၊ အယ်လ်ကွက်ဆီယက်စ်နဲ့ အယ်လ်နာဆာအသင်းတွေတို့ ဖြစ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ရာသီက အာရှချန်ပီယံလိဂ်ချန်ပီယံ အယ်လ်အာလီ အသင်းက အသင်းကို အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ဆော်ဒီကလပ် ၃ သင်း စလုံးဟာ ဆွန်ဟောင်မင် အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ (ပေါင် ၃၄ သန်း) ပေးချေဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ (NVS 008)

19 Jun

ADVERTISE HERE .