“တားမြစ်ဆေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ၄ နှစ်အထိ ပွဲပယ်ခံရဖွယ်ရှိနေတဲ့ မူဒရစ်”

19 Jun

ချဲလ်ဆီးအသင်းရဲ့ ကစားသမား မူဒရစ် ဟာ တားမြစ်ဆေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ၄ နှစ်အထိ ပွဲပယ်ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ မူဒရစ် ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာကတည်းက ဆေးစစ်မှုမအောင်မြင်ခဲ့ဘဲ တားမြစ်ဆေးသုံးစွဲ ထားကြောင်း တွေ့ရှိခဲ့ရတာကြောင့် ဒီဇင်ဘာလကစပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ယာယီပွဲပယ်ပြစ်ဒဏ် ချမှတ်ထားပါတယ်။ ဒါကြောင့် မူဒရစ်အနေနဲ့ ချဲလ်ဆီးအသင်းအတွက် ပွဲကစားခွင့်မရတာ ၆ လ ကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။ ဇွန်လ ၁၈ ရက်မှာတော့ FA က မူဒရစ်ကို တားမြစ်ဆေးစည်းမျဉ်းချိုးဖောက်မှုအတွက် စွဲချက်တင်ထားကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။ မီဒီယာတွေက မူဒရစ် အနေနဲ့ ပွဲပယ်ပြစ်ဒဏ် ၄ နှစ်အထိ ကျခံရနိုင်တယ်လို့ သုံးသပ်ထားကြ ပါတယ်။ (NVS 008)

19 Jun

ADVERTISE HERE .