“၂၀၂၉ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်မှာပဲ ကျင်းပဖို့စဉ်းစားနေတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်”

19 Jun

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၄ နှစ်အကြာမှာ ကျင်းပမယ့် ၂၀၂၉ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန် နိုင်ငံမှာပဲ ကျင်းပသွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ လက်ရှိကျင်းပနေတဲ့ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေ ကွင်းအတွင်း လာရောက်ကြည့်ရှုမှု နည်းပါးနေပေမယ့် အမေရိကန်ကုမ္ပဏီတွေရဲ့ စပွန်ဆာအကူအညီများစွာ ရရှိနေတာကြောင့် ၂၀၂၉ ပြိုင်ပွဲကို အမေရိကန်မှာ ဆက်လက်ကျင်းပဖို့ ဖီဖာက ဆန္ဒရှိနေတာလို့ သိရပါတယ်။ အမေရိကန်ကလည်း ၂၀၂၉ ပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ ထပ်မံရွေးချယ်ခံသွားမှာဖြစ်သလို၊ စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်၊ သြစတြေးလျက တစ်နိုင်ငံတည်း ဒါမှမဟုတ် နယူးဇီလန်နဲ့ ပူးတွဲအိမ်ရှင် အဖြစ် ရွေးချယ်ခံဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ (NVS 008)

19 Jun

ADVERTISE HERE .