“တတိယနေရာလုပွဲမှာ အင်ဒိုနီးရှားအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့ မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်း”
19 Jun
၂၀၂၅ အာဆီယံ ယူ- ၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းဟာ တတိယနေရာလုပွဲမှာ အင်ဒိုနီးရှားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ နှစ်ဖက်အသင်းက ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးချိန်အထိ ဂိုးမရှိသရေကျနေခဲ့ပါတယ်။ ဒါကြောင့် အချိန်ပိုဆက်မကစားရပဲ ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ကြပါတယ်။ ပယ်နယ်တီ အဆုံးအဖြတ်မှာတော့ မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းဟာ အင်ဒိုနီးရှားအသင်းကို ၅ ဂိုး ၆ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းဟာ အုပ်စုတွင်းမှာ ရလဒ်ကောင်းတွေရခဲ့ပေမယ့် ဆီမီးဖိုင်နယ်အဆင့်မှာ ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် တတိယနေရာလုပွဲသာ ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းဟာ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ ဗိုလ်လုပွဲ တက်ရောက်ဖူးခြင်း မရှိသေးပဲ တတိယဆု ၂ ကြိမ်သာ ရရှိထားပါတယ်။ (NVS 008)