“အစ္စရေးနှင့်အီရန်တို့ကြား ပဋိပက္ခမြင့်တက်မှုနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်း ဆက်လက်မြင့်တက်လာ”
19 Jun
အစ္စရေးနိုင်ငံနှင့်အီရန်နိုင်ငံတို့ကြား ဖြစ်ပွားနေသော ပဋိပက္ခမြင့်တက်မှုနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်း လည်း ဆက်လက်မြင့်တက်လာလျက်ရှိကြောင်းသိရသည်။ ဇွန်လ ၁၇ ရက် ကမ္ဘာ့ရေနံဈေးနှုန်းသည် ပျမ်းမျှအားဖြင့် ၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာသည်ကို တွေ့ရသည်။ ဘရန့်ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် ၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ကာ ၇၆ ဒသမ ၄၅ ဒေါ်လာအထိ ရောက်ရှိလာသည်။ အဆိုပါ ပမာဏသည် ပြီးခဲ့သည့် သီတင်းပတ်တွင် အစ္စရေးနှင့်အီရန်တို့ကြား ပဋိပက္ခစတင်ဖြစ်ပွားပြီးနောက်ပိုင်း ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာ ခြင်း ဖြစ်သည်။ ထို့အတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်နိုင်ငံနှင့်ပတ်သက်၍ တင်းမာမှုပိုမိုမြင့်တက်စေမည့် မှတ်ချက်ပြုစကားပြောပြီးနောက် ရေနံဈေးနှုန်း ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။ အထူးသဖြင့်ရေနံဈေးကွက်က ဟော်မုရေလက်ကြားတွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအပေါ်မူတည်၍ ပိုမိုစိုးရိမ်နေရကြောင်း ဈေးကွက် ကျွမ်းကျင်သူတစ်ဦး ကပြောထားသည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။