“မြန်မာ-အီဂျစ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး”
19 Jun
မြန်မာ-အီဂျစ်နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့(MISIS)နှင့် အီဂျစ်နိုင်ငံခြားရေးရာကောင်စီအဖွဲ့(ECFA)တို့ကြား သုတေသနလုပ်ငန်းများမှာ ပူးပေါင်း ဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(LOAS)အားလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(LOAC)ကို ဇွန်လ ၁၆ ရက်မွန်းလွဲ ၂ နာရီက အီဂျစ်နိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်တင်ရှိန်နှင့် ECFA အဖွဲ့ဥက္ကဋ္ဌ Ambassador (Rtd) Mohammed El-Orabi တို့မှလက်မှတ်ရေးထိုးခဲ့ကြပါတာ ဖြစ်ပါတယ်။ သဘောတူညီချက်(LOAC)အရနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိThink Tanks အဖွဲ့နှစ်ဖွဲ့ကြား နိုင်ငံတကာရေးရာနှင့် ဒေသတွင်းအရေးကိစ္စများအား ပူးတွဲလေ့လာသုတေသန ပြုလုပ်ခြင်း၊ စာတမ်းများ ပြုစုရေးသားခြင်း၊ သုတေသနစာတမ်းများအား ပူးတွဲထုတ်ဝေခြင်းတို့ကို ပြုလုပ်သွားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Online မှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုများ၊ နှစ်နိုင်ငံ အပြန်အလှန်လည်ပတ်၍ လူကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးပွဲများနှင့် ဟောပြောပွဲ များကျင်းပခြင်း၊ MISIS အဖွဲ့နှင့် ECFA အဖွဲ့ကြား ပူးတွဲသုတေသနပြုလုပ်ရာတွင် Global South နှင့် United Nations Sustainable Development Goals (SDGs)ဆိုင်ရာ အကြောင်းအရာများအပေါ် အဓိကထား၍ လေ့လာသုတေသန ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ Think Tanks အဖွဲ့နှစ်ဖွဲ့ကြား ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် မြန်မာ-အီဂျစ် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာစေရေးအတွက်ကို အထောက်အကူ ပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 003)