“မကွေးဆေးရုံကြီး၌ သေဆုံးလူနာမှာ ကိုဗစ်ရောဂါကြောင့်မဟုတ်ဘဲ မူလရောဂါအခံကြောင့်သာ သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်”
19 Jun
ဇွန်လ ၁၇ ရက် မကွေးတိုင်းဒေသကြီး မကွေးပြည်သူဆေးရုံကြီး၌ သေဆုံးခဲ့သည့်လူနာမှာ ကိုဗစ်-၁၉ ရောဂါကြောင့်မဟုတ်ဘဲ မူလရောဂါအခံကြောင့်သာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လ ၁၆ ရက်မှာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားဟာ မကွေးပြည်သူဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ပြီး ဇွန်လ ၁၇ ရက်က သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါသေဆုံးသူအနေနဲ့ မကွေးဆေးရုံကြီးတွင် အရေးပေါ်ကုသမှုခံယူရန် လိုအပ်ခဲ့တဲ့အတွက် ICU အခန်းသို့ ညနေ ၄ နာရီမှာ ပြောင်းရွှေ့ကုသခဲ့ရာ သက်သာမှုမရှိဘဲ ညနေ ၅ နာရီခွဲအချိန်တွင် မူလရောဂါအခံကြောင့် သေဆုံး ခဲ့ရတာဖြစ်ကာ ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့ခြင်းမဟုတ်ကြောင်း မကွေးတိုင်းဒေသကြီး၊ ပြည်သူကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ရှင်းလင်းပြောကြားခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန်လ ၈ ရက်ည ၈ နာရီမှ ၁၅ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ၂,၂၈၅ ခုကို စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ် ၅၂ ဦးကို ထပ်မံစစ်ဆေးတွေ့ရှိထားပါတယ်။ လတ်တလောအချိန်၌ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသေဆုံးမှုနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။