“မန်ယူအသင်းရဲ့အိမ်ကွင်းဂျာစီသစ် ရိုက်နှိပ်တဲ့စာရင်းမှာ ပါဝင်ခြင်းမရှိတဲ့ ဆန်ချို နှင့် အန်တိုနီ”
18 Jun
မန်ယူအသင်းရဲ့ အိမ်ကွင်းဂျာစီသစ် ရိုက်နှိပ်တဲ့စာရင်းမှာ ကစားသမား နှစ်ဦး ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။ အဆိုပါကစားသမားတွေကတော့ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းကို အငှားချထားခဲ့တဲ့ ဆန်ချို နဲ့ ဘက်တစ်အသင်း ကို အငှားချထားခဲ့တဲ့ အန်တိုနီ တို့ ဖြစ်ပါတယ်။ မန်ယူအသင်းစတိုးဝက်ဘ်ဆိုက်မှာ ၎င်းကစားသမားအမည်နဲ့ ဂျာစီ မပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။ ၎င်းတို့နှစ်ဦးစလုံးဟာ အခုရာသီမှာလည်း အငှား သို့မဟုတ် အပြီးထွက်ခွာဖို့ ရှိနေပါတယ်။ ဒါ့အပြင် ဗီလာအသင်းမှာ အငှားကစားခဲ့တဲ့ ရပ်ရှ်ဖို့ဒ်နှင့် အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ ဂါနာချို တို့ရဲ့ အမည်တွေကိုတော့ ရိုက်နှိပ်ခဲ့ပါတယ်။ ဂါနာချို ကို ပရီးမီးယားလိဂ်နဲ့ ပြည်ပကလပ်အများအပြားက စိတ်ဝင်စားနေတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ (NVS 008)
18 Jun