“၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် မြန်မာနိုင်ငံက လက်ခံကျင်းပမည်”
18 Jun
၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲအုပ်စု (C) ပွဲစဉ်တွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စုသုံးပွဲစလုံး ပထမပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲအုပ်စု(C)မှာ မြန်မာ၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ တာ့ခ်မင်နစ္စတန် အသင်းတို့ ပါ၀င်နေပြီး ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်အထိ ရန်ကုန်မြို့ရှိ သု၀ဏ္ဏကွင်းတွင် ကျင်းပမှာ ဖြစ်ပါတယ်။ အုပ်စု (C) ပွဲစဉ်တွေအဖြစ် ဇွန်လ ၂၉ ရက် ညနေ ၄ နာရီမှာ မြန်မာအသင်းနဲ့ တာ့ခ်မင်နစ္စတန်အသင်း၊ ည ၇ နာရီမှာ ဘာရိန်းအသင်းနဲ့ ဘင်္ဂလားဒေ့ရှ်အသင်း၊ ဇူလိုင်လ ၂ ရက် ညနေ ၄ နာရီမှာ မြန်မာအသင်းနဲ့ ဘင်္ဂလားဒေ့ရှ် အသင်း၊ ည ၇ နာရီမှာ တာ့ခ်မင်နစ္စတန်အသင်းနဲ့ ဘာရိန်းအသင်း၊ ဇူလိုင် ၅ ရက် ညနေ ၄ နာရီမှာ မြန်မာအသင်းနဲ့ ဘာရိန်းအသင်း၊ ည ၇ နာရီမှာ ဘင်္ဂလားဒေ့ရှ်အသင်းနဲ့ တာ့ခ်မင်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ (NVS 008)