“ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ FIFA ထံ တောင်းဆိုခဲ့တဲ့ ဘာစီလိုနာအသင်း”

18 Jun

ဘာစီလိုနာအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ကို တောင်းဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။ မက္ကဆီကိုကလပ် လီယွန်အသင်းဟာ ပိုင်ရှင်တူကလပ်ဖြစ်တဲ့ ပါချူကာ နဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာအတူ ပါဝင်နေလို့ ထုတ်ပယ်ခံရချိန်က ဘာစီလိုနာအသင်းက အစားဝင်ကစားခွင့်ပြုရန် တောင်းဆိုခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် FIFA က ဘာစီလိုနာ အသင်းရဲ့ တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။ FIFA အနေနဲ့ လီယွန်အသင်းရဲ့နေရာကို ကွန်ကာကပ်ဖ်ကလပ် အသင်းတစ်သင်းနဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ FIFA ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တစ်နိုင်ငံတည်းက နှစ်သင်းသာ အများဆုံး ခွင့်ပြုခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ နောက်ဆုံးလေးနှစ် ဥရောပပြိုင်ပွဲရလဒ်ကို ဆုံးဖြတ်တာဖြစ်ပြီး ဘာစီလိုနာအသင်း ထက် ရီးရဲလ်၊ အက်သလက်တီကိုအသင်းတို့က စွမ်းဆောင်ရည် ပိုကောင်းခဲ့ပါတယ်။ လီယွန်အသင်းရဲ့ နေရာအတွက် မေဂျာလိဂ်ကလပ် LAFC နဲ့ မက္ကဆီကိုကလပ် ကလပ်အမေရိကအသင်းတို့ Play-in တစ်ပွဲကစားခဲ့ပြီး LAFCအသင်း အနိုင်ရခဲ့လို့ ပြိုင်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်ကစားခွင့်ရနေတာဖြစ်ပါတယ်။ (NVS 008)

18 Jun

ADVERTISE HERE .