“ဇွန်လ ၁၈ ရက်မှ ဇွန် ၂၃ ရက်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အနှံ့မှာ မိုးသည်းထန်စွာရွာသွန်းနိုင်”

18 Jun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ် တို့မှာဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာက ဇွန်လ ၁၇ ရက်ညပိုင်းက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်း အရှိန်အပါအဝင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံ‌လေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်း၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ရွေ့လျားလာသော လေပွေလှိုင်းများရဲ့အရှိန်တို့ကြောင့် ဇွန်လ ၁၈ ရက်ညပိုင်းမှ ဇွန်လ ၂၃ ရက်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အနှံ့ မှာ မိုးသည်းထန်စွာရွာသွန်းနိုင် ကြောင်း သိရပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍မိုးကြီးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်တာကြောင့် ဂရုပြုနေထိုင်ကြရန် သတိပေးထုတ်ပြန်ထားခဲ့ပါတယ်။ (NVS 004)

18 Jun

ADVERTISE HERE .