“မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ တစ်ပေကျော် ပြန်တက်လာ”
18 Jun
ဇွန်လ ၁၇ ရက်၊ မြစ်ကြီးမြို့မှာ ဧရာဝတီမြစ်ရေ တစ်ပေကျော် ပြန်တက်လာတယ်လို့ဟု မြစ်ကြီးနားမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။ လက်ရှိမြစ်ကြီးနားမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၁,၂၀၀ စင်တီမီတာသို့ ရောက်ရှိရန် ၇၇၇ စင်တီမီတာ (၂၅ ပေခွဲ)ခန့်အလိုမှာ ရောက်ရှိနေကြောင်း သိရပါတယ်။ မြန်မာပြည်မြောက်ပိုင်း၊ ဧရာဝတီမြစ်အထက်ပိုင်းမှ မိုးအသင့်တင့် ရွာသွန်းလျှက်ရှိနေသည့်အတွက် မြစ်ကြီးနားမြစ်ရေမှာ ဆက်လက်မြင့်တက်နိုင်တယ်လို့ သိရပါတယ်။ ဧရာဝတီမြစ်ရိုးတစ်လျောက် မြို့များအားလုံးရဲ့မြစ်ရေဟာ မြစ်ကြီးနားမြို့ရဲ့ မြစ်ရေအတက်အကျပေါ်မှာ ရာနှုန်းပြည့်မူတည်နေတာကြောင့် မြစ်ကြီးနားမြစ်ရေအခြေအနေကို သိရှိထားပါက မိမိဒေသမြစ်ရေအတက်အကျကို ကြိုတင်သိရှိပြီး ပြင်ဆင်ချိန်ရနိုင်မှာဖြစ်ပါတယ်။ မြစ်ကြီးနားမြို့မှာ ဇွန်လ ၁ ရက်က မိုးသည်းထန်စွာရွာသွန်း ပြီးနောက် ဧရာဝတီမြစ်ရေမြင့်တက်ကာ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံ ရေဘေးသင့်ပြည်သူထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြရပါတယ်။ (NVS 004)