“သံရည်ကျိုအပ်နှံမယ့် ယာဉ်နှင့်ယန္တရားများကို ဖြတ်တောက်သယ်ယူပို့ဆောင်ပေးရန် တင်ဒါခေါ်ယူ”
18 Jun
စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးအတွင်းရှိ ဘဏ္ဍာသိမ်းသံရည်ကျိုအပ်နှံမည့် ယာဉ်နှင့်ယန္တရား ပေါင်း ၁,၀၀၀ ကျော်ကို ဖြတ်တောက်သယ်ယူပို့ဆောင်ပေးဖို့ ကုမ္ပဏီနှင့်အဖွဲ့များကို အိတ်ဖွင့်တင်ဒါ ခေါ်ယူထား ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရပါတယ်။ အဆိုပါတင်ဒါအရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ဝန်ကြီးဌာနများနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဘဏ္ဍာသိမ်းသံရည်ကျိုအပ်နှံမည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယန္တရားစုစုပေါင်း ၁,၀၁၅ စီးကို စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ ဖြတ်တောက်၊ သယ်ယူ၊ ပို့ဆောင်အပ်နှံပေးရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီနှင့်အဖွဲ့များအနေနဲ့ နေပြည်တော်ရှိ အုပ်ချုပ်ရေးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)မှာ ဇွန်လ ၁၆ ရက်မှစတင်ကာ တင်ဒါပုံစံလျှောက်လွှာ များကို ထုတ်ယူနိုင်ပြီး လာမယ့် ဇွန်လ ၃၀ ရက်ကို တင်ဒါပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ စက်မှုဝန်ကြီးဌာနအနေနဲ့ ယခု ၂၀၂၅ ခုနှစ်ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၁၅ ရက်အတွင်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့်ယန္တရားစုစုပေါင်း ၅၃၇ စီးကို ဖြတ်တောက်၊ သယ်ယူပို့ဆောင်၊ အပ်နှံပေး နိုင်မယ့် ကုမ္ပဏီ/ အဖွဲ့များကို အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့တာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ (NVS 004)