“မြတဘက်ဘုရားကြီး၏ အထက်ပစ္စယံဌာပနာပိတ် လှူဒါန်းပွဲ ကျင်းပမည်”

17 Jun

မန္တလေးမြို့၊ အောင်ပင်လယ်ရပ်၊ မေမြို့-မန္တလေးကားလမ်းနံဘေးရှိ မြတဘက်ဘုရားကြီး၏ အထက်ပစ္စယံ ဌာပနာပိတ် လှူဒါန်းပွဲကို ဇွန်လ ၂၁ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပုဂံပြည့်ရှင် အနော်ရထာမင်း၏မိဖုရား ရှမ်းမင်းသမီး မိဖုရားစောမွန်လှ တည်ထားကိုးကွယ်ခဲ့တဲ့ အောင်ပင်လယ် စောမွန်လှပေါ်တော်မူ ဘုန်းကြီးသင်ပညာရေးကျောင်းအတွင်းရှိ ဆုတောင်းပြည့် မြတဘက်စေတီတော်ကြီးကို နဂါး ကိုးကောင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ရာဇိဒ္ဒ မှဦးဆောင်၍ ပဋ္ဌာန်းဆက် ဆွေတော်မျိုးတော် ကုသိုလ်ရှင် များနှင့်အတူ ပြန်လည်ပြုပြင်မွမ်းမံကာ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်သွားမှာဖြစ်ပါတယ်။ အထက်ပစ္စယံ ဌာပနာပိတ်လှူဒါန်းပွဲကို ဇွန်လ ၂၁ ရက် စနေနေ့ နံနက် ၈ နာရီတွင် ဌာပနာပိတ်ပူဇော်သွားမှာ ဖြစ်လို့ ပဋ္ဌာန်းဆက်ဆွေတော်မျိုးတော်များ၊ ဘုရားဒါယကာ၊ ဒါယိကာမများ ကြွရောက်ပူဇော်နိုင်ရန် ဖိတ်ကြားထား ကြောင်း သိရပါတယ်။ (NVS-004)

17 Jun

ADVERTISE HERE .