“မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (၁/၂ဝ၂၅) သရုပ်ဆောင်သင်တန်းဖွင့်ပွဲကျင်းပ”
17 Jun
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (၁/၂၀၂၅) သရုပ်ဆောင်သင်တန်းဖွင့်ပွဲကို ဇွန်လ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး၊ ဗဟန်းမြို့နယ်၊ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ သင်တန်းဆရာများ၊ ဒါရိုက်တာများ၊ အနုပညာရှင်များ၊ ထုတ်လုပ်သူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆရာ ဦးဟိန်းစိုး က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (၁/၂၀၂၅) သရုပ်ဆောင်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃၀ ကျော် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ သုံးလကြာမြင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)
17 Jun