“တရားမဝင် နိုင်ငံခြားငွေ ဝယ်/ရောင်း လုပ်ဆောင်ခြင်းများကို ဗဟိုဘဏ်က အရှိန်မြှင့်အရေးယူမည်”

17 Jun

တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေးများအား ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းတို့ကို လိုင်စင်မရှိဘဲ တရားမဝင်လုပ်ဆောင်ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို အရှိန်မြှင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားပါတယ်။ ရည်ရွယ်ချက်ရှိရှိဖြင့် USDT နှင့် နိုင်ငံခြားငွေဈေးနှုန်းများ မတည်မငြိမ်ဖြစ်စေရန် Facebook Page ၊ Facebook Group၊ Viber Group နှင့် Myanmar Market Price စတဲ့ Application များမှ လှုံ့ဆော်ဆောင်ရွက်မှုများကို စောင့်ကြည့်လျက်ရှိပြီး အွန်လိုင်းပေါ်မှ ဈေးကစားခြင်း၊ မမှန်မကန်သတင်း ဖြန့်ဝေခြင်းများဆောင်ရွက်ပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများတွင် တရားစွဲဆိုကာ အရေးယူသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားငွေဈေးနှုန်း မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်သည့် လူပုဂ္ဂိုလ်များနှင့် ဆက်စပ်နေသည့် လူပုဂ္ဂိုလ်များ၏ Pay Account၊ Banking Account များပိတ်သိမ်းခြင်း၊ ဖုန်း SIM Card များပိတ်သိမ်းခြင်း၊ တည်ဆဲဥပဒေနှင့်အညီ တရားစွဲအရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အရသိရပါတယ်။ (NVS-004)

17 Jun

ADVERTISE HERE .