“ပတ်ဒရို ကို တစ်နှစ်သက်တမ်းတိုးလိုက်တဲ့ လာဇီယိုအသင်း”

17 Jun

လာဇီယိုအသင်းက ဝါရင့်တောင်ပံကစားသမား ပတ်ဒရို ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ လာမယ့်ဇူလိုင်လမှာ အသက် ၃၈ နှစ်ပြည့်မယ့် ပတ်ဒရို ဟာ ၂၀၂၁ နွေရာသီမှာ လာဇီယိုအသင်းကို ရောက်ရှိလာခဲ့ ပြီးတဲ့နောက် ၂၀၂၃ ကစပြီး တစ်နှစ်ချင်းစီ သက်တမ်းတိုးနေခဲ့ပါတယ်။ ပတ်ဒရို က ပြီးခဲ့တဲ့ရာသီမှာ ၁၄ ဂိုးသွင်းပြီး အသင်းကို အကူအညီပေးနိုင်ဆဲဖြစ်တာကြောင့် လာဇီယိုအသင်းက သက်တမ်းတိုးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ (NVS 008)

17 Jun

ADVERTISE HERE .