“ဒီလပ် က အင်္ဂလန်အသင်းရဲ့ အနာဂတ်နံပါတ် ၉ ဖြစ်လာနိုင်တယ်လို့ မာရက်စကာ ပြောကြား

17 Jun

ချဲလ်ဆီးအသင်းနည်းပြ မာရက်စကာ က တိုက်စစ်မှူးသစ် ဒီလပ် ဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အနာဂတ်နံပါတ် ၉ ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက အစ်ဝစ်ချ်တိုက်စစ်မှူး ဒီလပ် ကို ဒီနွေမှာ စာချုပ်လျော်ကြေးပေါင် သန်း ၃၀ နဲ့ ခေါ်ယူပြီး ၆ နှစ်စာချုပ် ချုပ်ဆိုထားပါတယ်။ ဒီလပ် ကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ခေါ်ယူခဲ့ခြင်းဖြစ်တာကြောင့် LAFC နဲ့ ပွဲစဉ်မှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ (NVS 008)

17 Jun

ADVERTISE HERE .