“အက်စတွန်ဗီလာတိုက်စစ်မှူး ဝပ်ကင်စ် ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ်အသင်း”

17 Jun

အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့ တိုက်စစ်မှူး ဝပ်ကင်စ် ကို ခေါ်ယူဖို့ ပစ်မှတ်ထား နေတယ်လို့ သိရပါတယ်။ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့လိုအပ်နေတဲ့ အာဆင်နယ်အသင်း ဟာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဂျိုကာရက်စ် နဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်စ်ကို တို့ကို အဓိကပစ်မှတ်ထားနေကြောင်း သတင်းထွက်ပေါ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ အသက် ၂၉ နှစ်အရွယ် အက်စတွန်ဗီလာတိုက်စစ်မှူး ဝပ်ကင်စ် ဘက်ကို မြှားဦးလှည့် လာခဲ့ပါတယ်။ ဂျိုကာရက်စ် နဲ့ ဆက်စ်ကို တို့ကို ခေါ်ယူဖို့က ကုန်ကျစရိတ်များပြားတာကြောင့် အင်္ဂလန်တိုက်စစ်မှူး ဝပ်ကင်စ် ကိုပဲ ဦးစားပေးကြိုးပမ်းသွားဖွယ်ရှိကြောင်း သုံးသပ်နေကြပါတယ်။ အာဆင်နယ်အသင်းက ဝပ်ကင်စ် ကို ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ (NVS 008)

17 Jun

ADVERTISE HERE .