“မန်ယူအသင်းကို လက်တုံ့ပြန်ဖို့ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့တာလို့ဆိုတဲ့ ချာကီ”

17 Jun

မန်စီးတီးအသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ ပြင်သစ်တောင်ပံကစားသမား ချာကီ က မန်ယူအသင်းကို လက်တုံ့ပြန်ဖို့အတွက် ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ချာကီ ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ လိုင်ယွန်အသင်းကနေ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ မန်စီးတီးအသင်းက ချာကီ ကို ပြောင်းရွှေ့ကြေးယူရို ၃၆ ဒသမ ၅ သန်းအပြင် အပိုဆုကြေးယူရို ၆ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ချာကီက ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ လိုင်ယွန်အသင်း နဲ့အတူ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးအသင်းနဲ့ ပြန်လည်အနိုင်ယူမယ်လို့ ချာကီ က ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် ချာကီ က မန်စီးတီးအသင်းဟာ ဆုဖလားအားလုံးကို ရယူနိုင်စွမ်းရှိတဲ့အသင်းဖြစ်ပြီး ရိုဒရီ လည်း Ballon d'Or ဆုရရှိခဲ့တာကြောင့် သူ့အနေနဲ့လည်း မန်စီးတီးအသင်းမှာ Ballon d'Or ဆု ရရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

17 Jun

ADVERTISE HERE .