“အာဆီယံယူ- ၁၉ အမျိုးသမီးဆီမီးဖိုင်နယ်ပွဲစဉ်မှာ ထိုင်းကို ရှုံးနိမ့်ခဲ့တဲ့ မြန်မာအသင်း”
17 Jun
၂၀၂၅ အာဆီယံ ယူ- ၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ မြန်မာအသင်းက ထိုင်းအသင်းကို ၁ ဂိုး ၅ ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပါတယ်။ မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းနဲ့ ထိုင်းအမျိုးသမီးအသင်းတို့ပွဲစဉ်မှာ ထိုင်းအသင်းက မြန်မာအသင်းကို ပထမပိုင်းမှာ ၄ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ထိုင်းအသင်းဘက်ကို ဖိအားပေး ပြန်လည်ကစားခဲ့ပေမယ့် ပွဲချိန် ၈၉ မိနစ်မှာ ချေပဂိုးတစ်ဂိုးသာ ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာအသင်းဟာ ထိုင်းအသင်းကို ရှုံးနိမ်ခဲ့ရပြီး ဇွန်လ ၁၈ ရက်မှာ တတိယနေရာလုပွဲအဖြစ် အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ (NVS 008)
17 Jun