"ဆေးသုံးစွဲသည့် YBS ယာဉ်မောင်းတွေကို လိုင်းစင်ပိတ်သိမ်း"

17 Jun

စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်မောင်းတွေကို ဆေးစစ်ရာ ယာဉ်မောင်းအချို့မှာ မူးယစ်ဆေးသုံးစွဲ နေတာတွေ တွေ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် က ပြောကြားခဲ့ပါတယ်။ ပြစ်မှုသုံးကြိမ်နဲ့အထက် စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်မောင်း ၅၃၆ ယောက်ကို ဆေးစစ်ရာ ၁၄ ယောက် ဆေးကျပြီးကျန်ခဲ့တဲ့ယာဉ်မောင်း ၁,၈၇၃ ယောက်ကို ဆေးစစ်ရာမှာတော့ ၃၁ ယောက် ဆေးကျတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဆေးကျတဲ့ ယာဉ်မောင်းတွေကိုတော့ YBS မောင်းနှင်ခွင့်စမတ်ကတ်ကို အမြဲတမ်းပိတ်သိမ်းလိုက်တယ်လို့ ဦးလျန်ကျင့်မန်က ပြောပါတယ်။ YRTC အနေနဲ့ YBS ယာဉ်တွေကို ဘေးတံခါးဖွင့်မောင်းနှင်ပါက ဒဏ်ကြေးတစ်သောင်းကျပ်၊ ယှဉ်ပြိုင် ကျော်တက်မောင်းနှင်ရင် ဒဏ်ကြေးသုံးသောင်းကျပ် ပေးဆောင်ရမှာဖြစ်ပြီး ယှဉ်ပြိုင်ကျော်တက်မောင်းနှင်ပါက စမတ်ကတ်အမြဲတမ်း ပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စည်းကမ်းဖောက်ဖျက် တဲ့ YBS ယာဉ်မောင်းတွေကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)က ထုတ်ပြန်ထားတဲ့ ဥပဒေတွေ နဲ့အညီ အရေးယူဆောင်ရွက်တဲ့အပြင် ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းတာတွေထိ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့မှာ ပြည်သူတွေ၊ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ နေ့စဉ်သွားလာရေးအတွက် YBS ယာဉ် တွေကိုပဲ အားကိုးအားထားပြုနေကြရတာဖြစ်ပြီး နေ့စဉ်ခရီးသည် ၁ သန်းခွဲလောက်ကို ယာဉ်အစီးရေ ၃,၀၀၀ ကျော်ခန့်က နေ့စဉ်ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။ (NVS 004)

17 Jun

ADVERTISE HERE .