“အီရန်က အစ္စရေးထောက်လှမ်းရေးနှစ်ဦးကို ဒရုန်း၂၃ စင်းနှင့်အတူဖမ်းဆီးရမိထားဟုဆို”
17 Jun
အီရန်တာဝန်ရှိသူများသည် အစ္စရေးနိုင်ငံမှထောက်လှမ်းရေးနှစ်ဦးကို တီဟီရန်မြို့အနီး၌ ဖမ်းဆီးရမိထား ကြောင်း အီရန်ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဆာအိမွန်တယ်ဇာမာဒီ က ပြောသည်။ အဆိုပါ အစ္စရေး ထောက်လှမ်းရေးနှစ်ဦးကို ဖောက်ခွဲရေးပစ္စည်းကီလိုဂရမ် ၂၀၀ ကျော်၊ ဒရုန်း ၂၃ စင်း၊ ဒရုန်းလွှတ်လောင်ချာ တစ်လက်အပြင် ထိန်းချုပ်ရေးကိရိယာများနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆို ချက်ကို ကိုးကား၍ Fars News သတင်းဌာနကဖော်ပြထားသည်။ အစောပိုင်းကလည်း အီရန်ရဲတပ်ဖွဲ့သည် အစ္စရေးထောက်လှမ်းရေးနှစ်ဦးကို တီဟီရန်မြို့မြောက်ပိုင်းရှိ အယ်ဘော့ပြည်နယ်၌ဖမ်းဆီးရမိကြောင်း၊ ၎င်းတို့သည် ဗုံးများနှင့်ဖောက်ခွဲရေးပစ္စည်းများ လုပ်ဆောင်မှုတွင် ပါဝင်ခြင်းဖြစ်ကြောင်း ISNA သတင်းဌာနကဖော်ပြထားသည်။ အလားတူ အစ္စရေးမှဒရုန်းများတင်လာသည့် ယာဉ်များကိုလည်း ဇွန်လ ၁၄ ရက် တွင် ဖမ်းမိထားကြောင်း Nour သတင်းဌာနကဖော်ပြထားသည်ဟု သိရသည်။