"ကျောက်ဆည်ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေ တစ်ရက်လျှင် တန် ၅,၀၀၀ ထုတ်လုပ်မည်"
17 Jun
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမှတ်(၃၆) အကြီးစားစက်ရုံ(ကျောက်ဆည်)ကနေ တစ်ရက်ကို ဘိလပ်မြေ တန် ၅၀၀၀ အမြန်ဆုံးထွက်ရှိနိုင်ရေး ဆောင်ရွက်သွားမယ်လို့ စက်မှုဝန်ကြီးဌာနက သိရပါတယ်၊၊ စက်ရုံအနေနဲ့ အခု ဇွန်လ ၁၂ ရက်မှာ မီးသင်းဖိုနဲ့ ဘိလပ်မြေကြိတ် စက်ရုံတွေကို လည်ပတ်ထုတ်လုပ်နိုင်ခဲ့ပြီး တစ်ရက်ကို ဘိလပ်မြေတန် ၂,၀၀၀ စတင်ထွက်ရှိနေပြီဖြစ်ပေမဲ့ သတ်မှတ်စက်စွမ်းအားဖြစ်တဲ့ တစ်ရက်ကို ဘိလပ်မြေ တန် ၅,၀၀၀ အမြန်ဆုံးထွက်ရှိနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်၊၊ အမှတ်(၃၆) အကြီးစားစက်ရုံ(ကျောက်ဆည်)အနေနဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ လူနေအဆောက်အဦ များ၊ လမ်းတံတားများ၊ စက်ရုံအလုပ်ရုံများနဲ့ သာသနိကအဆောက်အအုံတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ဘိလပ်မြေများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်စွမ်းအားပြည့်လည်ပတ် ထုတ်လုပ် နိုင်ရေးဆောင်ရွက်နေတာ ဖြစ်ပါတယ်၊၊ (NVS 004)