“ပျူခေတ်မှ ရတနာပုံခေတ်အထိ ဝတ်စားဆင်ယင်မှုအထိမ်းအမှတ် တံဆိပ်ခေါင်းသစ်တစ်မျိုးထုတ်ဝေမည်”

17 Jun

ပျူခေတ်မှ ရတနာပုံခေတ်အထိ ပါဝင်သော ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၄၀၀ ကျပ်တန်(၂၀၀ x ၁၂)စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးကို ဇွန်လ ၂၀ ရက်မှာ နံနက် ၉ နာရီ ခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာတိုက်ကြီးများမှာ တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါစာပို့တံဆိပ်ခေါင်းသစ်ဟာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ ခေတ်အဆက်ဆက် မြန်မာအမျိုးသားများနှင့် အမျိုးသမီးများရဲ့ ဝတ်စားဆင်ယင်မှုများကို အများပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမိုအလေးထားမှတ်သားနိုင်စေရန် ထုတ်ဝေခဲ့တာဖြစ်ပြီး တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်း စုဆောင်းသူဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ကြရန် ရည်ရွယ်ထုတ်ဝေခြင်းဖြစ်ပါတယ်။ ယင်းတံဆိပ်ခေါင်းသစ်ရောင်းချမှုရဲ့ အထူးအစီအစဉ် တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့မှာ ဇွန်လ ၂၀ ရက်မှာ ဝယ်ယူသောစာပို့တံဆိပ်ခေါင်းများပေါ်မှာ နေ့စွဲ အမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

17 Jun

ADVERTISE HERE .