“စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ် ထပ်မံကျဆင်း”
16 Junယခုတစ်ပတ် ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း ရောင်းချရမည့် စားအုန်းဆီရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆,၁၁၀ ကျပ်ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားပါတယ်။ စားအုန်းဆီကို အဓိကထုတ်လုပ်တင်ပို့တဲ့ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ CIF စနစ်အရ တင်သွင်းနေသည့် စားအုန်းဆီတစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဆက်တိုက်ကျဆင်းလာခဲ့သလို ပြီးခဲ့တဲ့ တစ်ပတ်တာကာလဖြစ်သည့် ၉ ရက်မှ ၁၅ ရက်အထိ ရောင်းချရမည့် ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၆,၁၈၅ ဖြစ်ပေါ်ခဲ့ပြီး ယခုတစ်ပတ်တွင် ၇၅ ကျပ်မျှ ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်တွင် အသိပေးထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီများကို ဖုန်းဆက်မှာယူနိုင်ပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း Facebook Page တွင် ခရိုင်နှင့် မြို့နယ်အလိုက်မှာယူနိုင်မည့် ဖုန်းနံပါတ်များကိုဖော်ပြထားကာ ဖုန်း ၀၁-၄၇၀၅၅၆၆၊ ၀၉-၇၇၁၀၀၂၇၂၂၊ ၀၁-၄၇၀၆၇၂၂ တို့ထံ၌လည်း ဆက်သွယ်မှာယူနိုင်ကြောင်း သိရပါတယ်။ (NVS-004)