“တရုတ်နိုင်ငံ Viltrox ကုမ္ပဏီ ဓာတ်ပုံပြိုင်ပွဲ မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာများဆုရရှိ”
16 Jun
တရုတ်နိုင်ငံမှ ဇွန်လ ၁၃ ရက်၌ ဒုတိယအကြိမ်ကျင်းပြုလုပ်ခဲ့တဲ့ Viltrox Image Awards၊ 2024-2025 Global Photo Contest ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှဓာတ်ပုံဆရာများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ငွေတံဆိပ်ဆု၊ ဒုတိယဆုနှင့် Finalist Prize ၄ ဆုတို့ကို အသီးသီးရရှိခဲ့ကြောင်း သိရပါတယ်။ ဆုရရှိသူများမှာ ပြည့်ဖြိုးထိုက် က “ရေပေါ်ဈေး”ခေါင်းစဉ်ဖြင့် ငွေတံဆိပ်ဆု၊ အောင်ကျော်ဇော် က “ကယ်တင်သူ” ခေါင်းစဉ်ဖြင့် ဒုတိယဆုနှင့် Finalist Prize ရရှိသူများမှာ စောမင်းနိုင်၊ စိုးပြည့်လင်း၊ စိုးမောင်မောင်ဇော်၊ စောမူရန့် တို့က ရရှိခဲ့ကြပြီး ဆုများအား ငွေတံဆိပ်ဆုအတွက် အမေရိကန်ဒေါ်လာ ၃,ဝဝဝ တန်ဖိုးရှိ Viltrox ပစ္စည်းများ၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၉ဝဝ တန်ဖိုးရှိ Viltrtox ပစ္စည်းများ၊ Finalist Prize ဆုရရှိသူများအတွက် အမေရိကန်ဒေါ်လာ ၅ဝဝ တန်ဖိုးရှိသော Viltrox ပစ္စည်းများကို အိမ်တိုင်ရာရောက် ပို့ဆောင်ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ Viltrox Image Awards၊ 2024-2025 Global Photo Contest ပြိုင်ပွဲတွင် ဓာတ်ပုံရိုက်ကူးရာတွင် မည်သည့် မှန်ဘီလူးအမျိုးအစားနဲ့မဆို ရိုက်ကူးယှဉ်ပြိုင်နိုင်ပြီး Viltrox မှန်ဘီလူးအမျိုးအစားနှင့် ယှဉ်ပြိုင်လျှင် အမှတ်ပိုရပြီး အခွင့်အရေးပိုရနိုင်ကြောင်း သိရပါတယ်။ (NVS-004)