“၂ဝ၂၅ ခုနှစ် မိုးရာသီကာလအတွင်း အရိပ်ရပင် ၁၅,ဝဝဝ နှင့် ပန်းအလှပင် ၅,ဝဝဝ စိုက်ပျိုးမည်”
16 Jun
မန္တလေးမြို့တော်အား စိမ်းလန်းစိုပြည်သာယာလှပသော မြို့တော်ဖြစ်စေရန် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးရေးစီမံချက်ဖြင့် မန္တလေး ၆ မြို့နယ်၌ အရိပ်ရပင် ၁၅,၀၀၀ နှင့် ပန်းအလှပင် ၅,ဝဝဝ ကို ဇွန်လအတွင်း သတ်မှတ်နေရာများ၌ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ တိုင်းဒေသကြီးအစိုးရဦးဆောင်မှုနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်း များဌာန၊ လုပ်ငန်းဌာနခွဲမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများအတွက် အရိပ်ရပင်နှင့် ပန်းအလှပင်များ စီစဉ်ပေးထားပြီး မိုးရာသီသစ်ပင်စိုက်ပွဲတွင် တမာ၊ မန်ကျည်း၊ ကုက္ကို၊ စိန်ပန်း၊ မဲဇလီ အစရှိတဲ့ အရိပ်ရပင် ၁၅,ဝဝဝ နှင့် ပန်းအလှပင် ၅,ဝဝဝ ကို စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ စိုက်ပျိုးရာတွင် အရိပ်ရပင်များကို လမ်းမကြီးများ၊ အဓိကလမ်းများ၊ လမ်းသွယ် များ၊ ဒူးကြားလမ်းများတွင် ဦးစားပေးအစီအစဉ်အတိုင်း စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ မန္တလေးမြို့တော်ကို Green City, Clean City, Beautiful City, Smart City ဖြစ်စေရန် မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ အနီးကပ်လမ်းညွှန်ချက်ဖြင့် ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး ထပ်မံ၍ City in The Garden ဖြစ်လာစေရန် ရည်မှန်းချက်တစ်ခုထပ်တိုး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)