“ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တွင် ပိဋကသုံးပုံဝိနည်းငါးကျမ်း ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ ကျင်းပမည်”
16 Jun
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တွင် ပိဋကသုံးပုံ ဝိနည်းငါးကျမ်း ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် တိပိဋကလောင်းလျာအရှင်သူမြတ် ၂၂၇ ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ပိဋကသုံးပုံဝိနည်းငါးကျမ်းကို ဗီယက်နမ်နိုင်ငံက အလှူရှင်များက စုပေါင်းလှူဒါန်းထားတာဖြစ်ပြီး ဇွန်လ ၁၇ ရက်တွင် အဆိုပါ ပိဋကသုံးပုံဝိနည်းငါးကျမ်း ရွတ်ဖတ်ပူဇော်အောင်ပွဲအခမ်းအနားကို ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် နန်းဦးဘုရားကြီးတန်ဆောင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဇွန်လ ၁၈ ရက်မှာတွင် တိပိဋက လောင်းလျာအရှင်သူမြတ် ၂၂၇ ပါးတို့ကို ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)