“ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါးလ်မီးရပ်စ် အတွက်သာ ကစားမယ့် အက်စ်တီဗာအို”
16 Jun
အခုနွေရာသီမှာ ချဲလ်ဆီးအသင်းရဲ့ ကစားသမားအဖြစ် စာရင်းဝင်မယ့် ဘရာဇီးလ်ဆယ်ကျော်သက် အက်စ်တီဗာအို ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါးလ်မီးရပ်စ် အတွက်သာ ပါဝင်ကစားသွားမယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းက ဘရာဇီးလ်တောင်ပံကစားသမား အက်စ်တီဗာအို ကိုခေါ်ယူဖို့ ၂၀၂၄ နွေရာသီကတည်းက သဘောတူညီမှုရရှိထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အက်စ်တီဗာအို ဟာ အသက် ၁၈ နှစ်မပြည့်သေးတာကြောင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းမရှိဘဲ အခုနွေရာသီမှသာ ချဲလ်ဆီးအသင်းနဲ့ တရားဝင်စာချုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ ပါးလ်မီးရပ်စ်အသင်းက အက်စ်တီဗာအို အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ ဝန်းကျင်ရရှိခဲ့ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးစဉ်ကတည်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါးလ်မီးရပ်စ်အသင်းအတွက်သာ ယှဉ်ပြိုင်ကစားခွင့်ပြုဖို့ သဘောတူညီမှု ရယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ချဲလ်ဆီးပရိသတ်တွေအနေနဲ့ လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အက်စ်တီဗာအို ရဲ့ခြေစွမ်းကို အသင်းဟောင်းနဲ့အတူသာ မြင်တွေ့ခွင့်ရမယ်လို့ သိရပါတယ်။ ပွဲစဉ်လမ်းကြောင်းအရ ချဲလ်ဆီးအသင်းနဲ့ ပါးလ်မီးရပ်စ် အသင်းတို့ ကွာတားဖိုင်နယ်အဆင့်ရောက်မှ ဆုံတွေ့ရနိုင်ခြေရှိတယ်လို့ သိရပါတယ်။ (NVS 008)