“ဂါလာတာစာရေးအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့တဲ့ ဘာစီလိုနာဂိုးသမား တာစတီဂျန်”
16 Jun
ဘာစီလိုနာအသင်းရဲ့ ဂျာမန်ဂိုးသမား တာစတီဂျန် ဟာ ဂါလာတာစာရေးအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တာစတီဂျန် ဟာ ဘာစီလိုနာအသင်းနဲ့ လက်တွဲခဲ့တာဖြစ်ပြီး ပွဲပေါင်း ၄၀၀ ကျော် ကစားထားခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ၉ ပွဲသာ ကစားနိုင်ခဲ့ပြီး တစ်ရာသီလုံးနီးပါး အနားယူခဲ့ရပါတယ်။ ဒဏ်ရာက ပြန်ကောင်းလာချိန်မှာ နည်းပြ ဟန်ဆီဖလစ်ခ် က ပထမဂိုးသမားအဖြစ် အခွင့်အရေးပြန်မပေး ခဲ့တဲ့အပြင် လက်ရှိအချိန်မှာ အက်စ်ပန်ညိုဂိုးသမား ဟွမ်ဂါစီယာ ကို ခေါ်ယူဖို့ စီစဉ်နေတာကြောင့် တာစတီဂျန်က အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဂါလာတာစာရေးအသင်းက တာစတီဂျန် ကို တစ်နှစ်လစာ ယူရို ၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ခေါ်ယူနိုင်ဖို့လည်း မျှော်လင့်နေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ တာစတီဂျန်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်လို့ ဘာစီလိုနာအသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့သာ ကျန်တော့တယ်လို့ သိရပါတယ်။ (NVS 008)