“မော်ရင်ဟို ရဲ့ ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဆွန်ဟောင်မင်”

16 Jun

စပါးအသင်းရဲ့ တောင်ပံကစားသမား ဆွန်ဟောင်မင် ဟာ စပါးအသင်းနည်းပြဟောင်းဖြစ်ခဲ့တဲ့ မော်ရင်ဟို ရဲ့ ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဆွန်ဟောင်မင် ဟာ ၂၀၂၆ အထိသာ စာချုပ်သက်တမ်းကျန်ရှိနေပြီး စပါးအသင်းက သက်တမ်းတိုးဖို့ ဆန္ဒမရှိ တော့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆော်ဒီကလပ်အသင်းတစ်သင်းက ဆွန်ဟောင်မင် ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းထားပြီး စပါးအသင်းက လက်ခံထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆွန်ဟောင်မင် က ဥရောပမှာသာ ဆက်ကစားချင်သလို၊ ဖီနာဘာချီနည်းပြ မော်ရင်ဟို ကလည်း ခေါ်ယူချင်နေတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ်ရှိတယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။ ဖီနာဘာချီ အသင်းက ဆွန်ဟောင်မင် ကို တစ်နှစ်လစာ ယူရို ၁၂ သန်းပေးဖို့ အသင့်ရှိနေပြီး စပါးအသင်းမှာ ရရှိနေတဲ့ လစာရဲ့ နှစ်ဆရှိတယ်လို့ သိရပါတယ်။ ဆွန်ဟောင်မင်နဲ့ မော်ရင်ဟို တို့ဟာ စပါးအသင်းမှာ ၂၀၁၉ ကနေ ၂၀၂၁ အထိ တစ်ရာသီခွဲဝန်းကျင် လက်တွဲခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ (NVS 008)

16 Jun

ADVERTISE HERE .