“ဘားအံမြို့ ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်ဆောင်ရွက်”

16 Jun

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ကရင်ပြည်နယ်က မြစ်ချောင်းအင်းအိုင်ပေါများပြီး မိုးရာသီရောက်တိုင်း နှစ်စဉ်ရေကြီးရေလျှံလေ့ရှိတဲ့အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍ ထိုကဲ့သို့ လေ့ကျင့်ခြင်း ဖြစ်ပါတယ်။ လေ့ကျင့်မှုကို ဘားအံမြို့၊ ကန်သာယာရေပြင်နှင့် ဇွဲကပင်ခန်းမတို့မှာ လူအင်အား ၄၅၀ ကျော်၊ ရှာဖွေ ကယ်ဆယ်ရေးရေယာဉ် ၈ စီး၊ ယာဉ်ယန္တရား ၄၀ စီးတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ စုဖွဲ့လေ့ကျင့်ရာမှာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မြစ်ရေကြီးမှုအခြေအနေကို ပြည်သူအများ သတိပြုမိ စေရန် လှည့်လည်နှိုးဆော်သရုပ်ပြမှုလည်း ပါဝင်ကြောင်း သိရပါတယ်။ မန္တလေးငလျင်လှုပ်ခတ်ပြီးနောက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အချို့မှာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစုဖွဲ့လေ့ကျင့်ခြင်း၊ ရေပြင်ကယ်ဆယ်ရေးသင်တန်းများနှင့် ရေပြင်သက်ကယ်လှေမောင်းနှင် ခြင်းသင်တန်းများကို ဆက်တိုက်လေ့ကျင့်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

16 Jun

ADVERTISE HERE .