“မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်နာရီ ၃၅ မိုင်ခန့်အထိ လေပြင်းတိုက်ခတ်နိုင်”
16 Jun
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်နာရီကို ၃၅ မိုင်ခန့်အထိ မိုးသက်လေပြင်း တိုက်ခတ်ပြီး ၁၀ ပေမှ ၁၂ ပေခန့်အထိ လှိုင်းများဖြစ်ပေါ်နိုင်တယ်လို့ ဇွန်လ ၁၅ ရက်က အထူးမိုးလေဝသသတင်း အဖြစ် သတိပေးထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင်ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းရာမှ အလွန်အားကောင်း နေခြင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်း များရဲ့ အရှိန်တို့ကြောင့် ဇွန်လ ၁၅ ရက်ညနေမှ ၁၉ ရက်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အနှံ့မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့ဒေသများမှာ ဒေသအလိုက်နှင့်နေရာကွက်ကာ မိုးကြီးနိုင်ပါတယ်။ ဒါကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေး အန္တရာယ်များဖြစ်ပေါ်နိုင်၍ သတိပြု နေထိုင်ကြရန် အသိပေးထုတ်ပြန်ထားခဲ့ပါတယ်။ (NVS 004)