"ကျွန်းလှမြို့နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူ ၂၄၄ ဦးရှိ"

16 Jun

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများပျက်စီးသွားခဲ့တဲ့ ဒေသများမှာ နေထိုင်သော ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုရမှာ ဖြစ်လို့ ပြန်လည်လေ့ကျင့်သင်ကြားမှုများပြုလုပ်ပေးခဲ့ပါတယ်။ အခုလိုတက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုရမည့်ဒေသများအနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၂၄၄ ဦးလည်း ပြန်လည်ဖြေဆိုသွားမှာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ဖြေဆိုရမည့် စာစစ်ဌာနကို တာဝန်ရှိသူများမှလည်း ဇွန်လ ၁၅ ရက် နံနက်ပိုင်းက စစ်ဆေးခဲ့ကြပါတယ်။ တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမည့် စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားမှု၊ ကျောင်းတွင်း/ကျောင်းပြင် သန့်ရှင်းရေးဆောင်ရွက်လျက်ရှိမှု၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးကာ အကြံပြုဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါတယ်။ (NVS 004)

16 Jun

ADVERTISE HERE .