"ကျောက်ဆည်မြို့ စုကြီးရပ်ကွက်ရှိ နေအိမ်များတွင် လူနေထိုင်ခွင့်ပြန်လည်ခွင့်ပြုပေးခဲ့"
16 Jun
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် ရွှေသာလျောင်းတောင်ပေါ်မှာရှိတဲ့ ကျောက်သေတ္တာ ခေါ် ကျောက်တုံးကြီးရဲ့ ပြိုကျနိုင်တဲ့ အန္တရာယ်ကြောင့် ပြောင်းရွှေ့နေသူထိုင်ခဲ့ရသူများကို ပြန်လည်နေထိုင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အခုလိုနေထိုင်ခွင့်ပြုခဲ့ပေမယ့် နေအိမ် ၇ လုံးနှင့် သစ္စာမြိုင်စာသင်တိုက်ကိုတော့ ပြောင်းရွှေ့ရန် ခွင့်မပြု ထားကြောင်း သိရပါတယ်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် ရွှေသာလျောင်း တောင်ပေါ်ရှိ ကျောက်သေတ္တာကြီးပြိုကျဖို့ ရာခိုင်နှုန်းများခဲ့တာကြောင့် အနီးနားရှိနေထိုင်သူများ ပြောင်းရွှေ့ နေထိုင်ခဲ့ရခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ ကျောက်သေတ္တာစေတီ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဘူမိဗေဒ တိုင်းတာရေး လုပ်ငန်းများအပြင် နည်းပညာများအသုံးပြုပြီး မူလပုံစံမပျက်ပြန်လည်ပြင်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။ (NVS 004)