ယင်းမာပင်ခရိုင်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်း ၂,၉၅၄ ဧကထိ စိုက်ပျိုးပြီးစီး
15 Jun
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်း ၂၉၅၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ ယခုနှစ် မိုးသီးနှံစိုက်ပျိုး ရာသီ၌ ယင်းမာပင်ခရိုင်တွင် ပဲတီစိမ်း ၃၈,၆၆၈ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် မေလမှစတင်၍ စိုက်ပျိုးခဲ့ရာ ကနီမြို့နယ်တွင် ၆၈ ဧက၊ ဆားလင်းကြီးမြို့နယ်တွင် ဧက ၂,၇၃၀ နှင့် ပုလဲမြို့နယ်တွင် ၁၅၆ ဧက စုစုပေါင်း ၂,၉၅၄ ဧက စိုက်ပျိုးပြီးစီးခဲ့ပါတယ်။ ယင်းမာပင်ခရိုင်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်းစိုက်ပျိုးရန် မြို့နယ်အလိုက် လျာထားမှုအနေဖြင့် ယင်းမာပင်မြို့နယ်တွင် ၅,၄၆၂ ဧက၊ ကနီမြို့နယ်တွင် ၁၂,၆၆၁ ဧက၊ ဆားလင်းကြီးမြို့နယ်တွင် ၁၇,ဝ၄၃ ဧကနှင့် ပုလဲမြို့နယ်တွင် ၃,၅၀၂ ဧက စုစုပေါင်း ၃၈,၆၆၈ ဧက စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ယင်းမာပင်ခရိုင်တွင် ပဲတီစိမ်းစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသနှင့် ကိုက်ညီ သည့် မျိုးကောင်း၊ မျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲရေး၊ အထွက်နှုန်းကောင်းမွန်ရေးတို့ကို အသိပညာပေးဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။(NVS 004)