ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နေလှန်းဆားအများအပြားတင်ပို့ရောင်းချ

14 Jun

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့တဲ့မေလအတွင်း ဒေသထွက် နေလှန်းဆား ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း နေလှန်းဆားထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူထံများထံမှ သိရပါတယ်။ ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းက ဒေသထွက်နေလှန်းဆား ပိဿာချိန် ၅၀,၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လတာကာလအတွင်းမှာတော့ နေလှန်းဆားပိဿာချိန် ၈၈,၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ငပုတောမြို့နယ်၌ ဒေသထွက်နေလှန်းဆားများကို ဆားလုပ်ငန်းလုပ်ကိုင်သူများက စနစ်ကျထုတ်လုပ်ပြီး ရန်ကုန် ဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိပါတယ်။ အဆိုပါဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စတဲ့ လုပ်ငန်းများတွင် အဓိကအသုံးပြုလျက်ရှိပါတယ်။(NVS 004)

14 Jun

ADVERTISE HERE .