လက်ရှိဘဏ္ဍာနှစ် နှစ်လတာအတွင်း ရေထွက်ကုန် ငါးမက်ထရစ်တန် လေးသောင်းကျော် ပြည်ပသို့တင်ပို့နိုင်ခဲ့

14 Jun

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများတင်ပို့လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း ရေထွက်ကုန် ငါးမက်ထရစ်တန် လေးသောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ မေလ ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ငါးမက်ထရစ်တန် ၄၃,၆၆၅ ဒသမ ၈၅၈ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၄၇၆ သန်းရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် နှစ်လတာအတွင်း ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၂၁,၀၉၂ ဒသမ ၁၂၇ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၁၉၂ သန်းရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၂၂,၅၇၃ ဒသမ ၇၃၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂၈၄ သန်းရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကာလတူက ပြည်ပသို့ ငါးမက်ထရစ်တန် ၄၇,၇၁၉ ဒသမ ၅၂၃ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၆၀၁ သန်း ရရှိခဲ့ပါတယ်။ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများတင်ပို့ရာတွင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့လျက်ရှိသည့် အပြင် နယ်စပ် ကုန်သွယ်ရေးစခန်းများမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရသည်။(NVS 004)

14 Jun

ADVERTISE HERE .